မျက်စိကို ဘာကြောင့် ပုံမှန် စစ်ဆေးသင့်တာလဲ
အားလုံးသိကြတဲ့အတိုင်း အမြင်အာရုံ ဆိုတာ လူတစ်ယောက်အတွက် မရှိမဖြစ် အရေးကြီးပါတယ်။ ဒါပေမယ့် လူအများစုက ခန္ဓာကိုယ် ကျန်းမာရေးအတွက် Medical Checkup ကို လုပ်ဖြစ်ကြပေမယ့် မျက်စိ ကျန်းမာရေးကို ပုံမှန်စစ်ဆေးမှု အားနည်းကြပါတယ်။
ဒါကြောင့် မျက်စိစစ်ဆေးခြင်းရဲ့ အရေးပါပုံတွေကို ပြောပြပေးချင်ပါတယ်။
မျက်စိ ကျန်းမာရေး ပြဿနာတွေကို ကြိုတင်သိနိုင်ဖို့အတွက် အနည်းဆုံး (၁) နှစ် တစ်ကြိမ် စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။
ဒီလို စစ်ဆေးခြင်းအားဖြင့် မျက်မှန်မတပ်ရပေမယ့် မျက်စိအားနည်းနေသူတွေအနေနဲ့ ကိုယ့်ရဲ့ မျက်စိကျန်းမာရေး အခြေအနေကို သိနိုင်သလို မျက်မှန် တပ်သူတွေ အနေနဲ့ မျက်စိ အားနည်းနေလား၊ ပါဝါ တိုးဖို့ လိုသလား စတာတွေကို သိနိုင်ပါတယ်။
ဒါဟာ မျက်လုံးကျန်းမာရေး ပြဿနာတွေကို စောစောသိနိုင်ပြီး အချိန်မှီ ကုသနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
မျက်လုံးကို ပုံမှန် စစ်ဆေးပေးခြင်းဖြင့်
- အမြင်အာရုံ ဆုံးရှုံးရခြင်းကို (၅၀) ရာခိုင်နှုန်း ကာကွယ်ပေးပါတယ်။
- မျက်စိကျန်းမာရေးကြောင့် ဖြစ်တဲ့ ထိခိုက်မှုတွေကို ကာကွယ်ပေးတယ်။
- ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကို ရစေပြီး လူနေမှုဘဝကိုလည်း တိုးတက်စေပါတယ်။
- မျက်လုံးစစ်ဆေးကြည့်မှသာ သိရတဲ့ အတွင်းတိမ်၊ ရေတိမ် ရောဂါတွေကိုလည်း စောစောသိရပြီး ကုသမှုတွေ စောစောစီးစီး လုပ်နိုင်တယ်။
- အသက်ကြီးရင် ဖြစ်တတ်တဲ့ အမြင်အာရုံ ချို့တဲ့ခြင်း စတဲ့ မျက်လုံး ပြဿနာတွေကိုလည်း ကြိုတင် ဖြေရှင်းနိုင်တယ်
မျက်စိကို ပုံမှန်စစ်ဆေးတာက မျက်လုံးကျန်းမာရေးကို ရေရှည် ဂရုစိုက်ရာရောက်သလို မမျှော်လင့်ထားတဲ့ မျက်စိပြဿနာတွေကိုလည်း တားဆီးနိုင်တာကြောင့် မျက်စိကို ပုံမှန်စစ်ဆေးသင့်ကြောင်း ကျန်းမာရေး ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)